နေပြည်တော် ဇန်နဝါရီ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ နှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ထာရှိကာ စက်ချုပ်သင်တန်းများ၊ လက်မှု သင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ် နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်းများကို သင်တန်းတစ်ခုကို ရက်သတ္တ(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း(၈)ခုကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ပုသိမ်မြို့ရှိ ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့ အထူးသင်တန်း များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများတွင် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် သတ္တမအကြိမ် မြောက် ကျောင်းအခြေပြုသင်တန်းများကို ဇန်နဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ဖွင့်လှစ်လျက်ရှိရာ အဆိုပါကျောင်း (၁၀) ကျောင်းတွင် သင်တန်းသား ၁၅ ဦး၊ သင်တန်းသူ ၃၀၉ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၂၄)ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


