ကော့ကရိတ် ဇန်နဝါရီ ၃၀

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၄) ရပ်ကွက်၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့၏နေအိမ်ခြံဝင်း မြေကွက်လပ်တွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသဖြင့် မိသားစုများ နေ့စဉ်ပုံမှန်အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ကိုင်သူများသည် အိမ်ရှိမြေကွက်လပ်များတွင် မုန်လာ၊ ကန်စွန်း၊ ခဝဲ၊ ပဲသီး၊ ချဉ်ပေါင်နှင့် အခြားဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး အပင်များ ရှင်သန်ကြီးထွားလာစေရေး၊ ပိုးမွှားအန္တရာယ်များ ကင်းဝေးစေရေးအတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်း၊ ပြုစုပေါင်းသင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့်ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း၊ လက်ဆောင်ပေးခြင်း၊ ကော့ကရိတ်မြို့မဈေးတွင် ရောင်းချခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းလည်းရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)