ဇန်နဝါရီ ၃၀
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ရေဂင်အမျိုးသားလေဆိပ်သို့ဆင်းသက်ရန်ချဉ်းကပ်လာစဉ် တိုက်မိသောလေယာဉ်ပေါ်တွင် ခရီးသည် အယောက် ၆၀နှင့် လေယာဉ်အမှုထမ်းလေဦးတို့ပါရှိကြောင်း စီအင်န်အင်န်သတင်းဌာနက ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါလေယာဉ်တိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပိုတိုမက်မြစ်အတွင်းမှလေးဦးကိုဆယ်ယူရရှိခဲ့ပြီး နှစ်ဦး၏ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့သည် ရေဂင်အမျိုးသားလေဆိပ်၌ ဆင်းသက်နေစဉ် ယမန်နေ့ကတိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဖယ်ဒရယ်လေကြောင်းအုပ်ချုပ်ရေး အက်ဖ်အေအေက အတည်ပြုပြောကြားသည်။
Blackhawk စစ်ရဟတ်ယာဉ်ပေါ်တွင် စစ်သားသုံးဉီးလိုက်ပါလာကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနကဖော်ပြထားသည်။
ကန်ဆပ်စ်ပြည်နယ် ဝီချစ်တာကနေထွက်ခွာလာသော ခရီးသည်တင်လေယာဉ်နှင့် Blackhawk စစ်ရဟတ်ယာဉ်တို့ ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ကိုးနာရီမထိုးမိအချိန်က လေထဲတွင်တိုက်မိပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အက်ဖ်အေအေက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို