ဂါဇာ ဇန်နဝါရီ ၃၀
နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့်ပါလက်စတိုင်း ငါးသိန်းကျော်သည် ပြီးခဲ့သည့် ၇၂ နာရီ အတွင်း ဂါဇာ မြောက်ပိုင်းသို့ ပြန်လာပြီဖြစ် ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ဟားမားစ်တို့ ထိန်းချုပ်ထားသည့် မီဒီယာတွင် ဖော်ပြသည်။ အစ္စရေးတို့သည် နေရပ်စွန့်ခွာ ပါလက်စတိုင်းများကို ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ ဂါဇာမြောက်ပိုင်းသို့ ပြန်ခွင့်ပြုခဲ့သည်။ အစ္စရေးတို့သည် ဟားမားစ်တို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ၁၅ လကြာ တိုက်ပွဲများဖြစ်ပွားမှုကို ရပ်စဲ ခဲ့သည်။
ယင်းသို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် နေရပ်စွန့်ခွာသူများကို ဂါဇာ မြောက်ပိုင်းသို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဟားမားစ်အဖွဲ့၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော အယ်လ်ကက်ဆမ်အဖွဲ့သည် အစ္စရေးဓားစာခံသုံးဦးကို ဇန်န ဝါရီ ၃၀ ရက်တွင် ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။
အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၁၀ ကို အပြန်အလှန်အားဖြင့် ပြန်လွှတ် ပေးမည်ဟု အစ္စရေး လူထုရေဒီယိုတွင် ဖော်ပြထားသည်။ ဂါဇာကျန်းမာရေး အာဏာပိုင်များက လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၆၃ ဦးကို လက်ခံရရှိခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်ကာ ဂါဇာဒေသ၌ သေဆုံးသူ ၄၇၄၁၇ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၁၁၁၅၇၁ ဦးအထိရှိလာပြီဟု ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။
ဆင်ဟွာ