ဇန်နဝါရီ ၃၁

မလေးရှားနိုင်ငံမြောက်ပိုင်း ဘော်နီယိုကျွန်း ဆာရာဝါ့ခ်ပြည်နယ်တွင် ရာသီဉတုဆိုးရွားမှုကြောင့် ငါးဦးသေဆုံးကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အာဏာပိုင်များက မီရီခရိုင်တွင် မြေပြိုမှုဖြစ်ပွားကြောင်း သိရှိရပြီးနောက် ရှာဖွေရေးနှင့်ကယ်ဆယ်လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ရာ နေအိမ်အကျိုးအပဲ့များအောက်မှထိခိုက်သေဆုံးသူများ၏ အလောင်းများကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆာရာဝါ့ခ်ပြည်နယ်တွင် ၂၃၅၇ ဦး ရေဘေးသင့်ခဲ့ပြီး ဆာဘတ်ပြည်နယ်တွင် ၄၃၉၆ ဦး ရေဘေးသင့်ခဲ့ကြောင်း နိုင်ငံ၏လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနက ပြောကြားသည်။

ဆာရာဝါ့ခ်နှင့် ဆာဘတ်ပြည်နယ်ရှိ ဒေသအများအပြားတွင် ဇန်နဝါရီ ၃၁ ရက်နေ့အထိ မိုးများအဆက်မပြတ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားပြီးနောက် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဉက္ကဌလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ပြည်သူများအား သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို