ဝါရှင်တန် ဖေဖော်ဝါရီ ၂
အမေရိကန် တပ်ဖွဲ့ဝင်များသည် ဆိုမာလီယာတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး အိုင်အက်စ် စစ်သွေးကြွများစွာကို ရှင်းလင်းခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
အိုင်အက်စ် တိုက်ခိုက်ရေးစီစဉ်သူ အရာရှိတစ်ဦးနှင့် ဆိုမာလီယာတွင် ၎င်းစုဆောင်းထားသည့် လူသစ်များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် တိကျသည့် ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁ ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသားခဲ့သည်။ လိုဏ်ဂူများထဲတွင် ပုန်းအောင်းနေသည့် အဆိုပါအကြမ်းဖက်သမားများမှာ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ် နိုင်ငံများကို ခြိမ်းခြောက်လျက် ရှိသည်ဟု ထရမ့်ကပြောသည်။
လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခြင်းဖြင့် ၎င်းတို့ပုန်းအောင်းရာ လိုဏ်ဂူများကို ဖျက်ဆီးခဲ့ပြီး အရပ်သားများကို ထိခိုက်မှုမရှိစေဘဲ အကြမ်းဖက်သမားများကို ရှင်းလင်းခဲ့သည်ဟု ထရမ့်က ပြောသည်။
ဆိုမာလီယာ အစိုးရနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဆိုမာလီယာနိုင်ငံမြောက်ဘက် တောင်တန်းဒေသတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် အကြမ်းဖက် သမားများကို ရှာဖွေနှိမ်နင်းရန် အသင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
အင်န်အိတ်ချ်ကေ