ဂျေရုဆလင် ဖေဖော်ဝါရီ ၃
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစ္စရေး၏ နှောင့်ယှက်မှုများကြောင့် နှောင့်နှေးနေကြောင်း ဟားမတ်စ် အဖွဲ့က ပြောကြားခဲ့သည်။
ဂါဇာဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် ဒေသများသို့ လိုအပ်သည့် ပစ္စည်းများ ရောက်ရှိနိုင်ရန် ကြန့်ကြာနေကြောင်း ဟားမတ်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဟေဇန်ကွာဇန်က ပြောကြားသည်။
ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကာ ဒေသခံများအတွက်လို အပ်နေသည့် ဆေးဝါးနှင့် လောင်စာဆီများ ဒေသတွင်း ဝင်ရောက်လာမှု နည်းပါးနေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။
လက်ရှိအချိန်တွင် ဂါဇာဒေသသို့ ဆေးဝါး၊ ရွက်ဖျင်တဲ၊ လောင်စာဆီနှင့် တည်ဆောက်ရေး ယန္တရားကြီးများ ဝင်ရောက်ခွင့်ပြုရေးအတွက် အစ္စရေးက ခွင့်ပြုနိုင်ရေး ပူးပေါင်းညှိနှိုင်းပေးရန် တာဝန်ရှိသူများအား ၎င်းကပန်ကြားခဲ့သည်။
ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးအကြား ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်အဖြစ် ဟားမတ်စ်အဖွဲ့က အစ္စရေးဓားစာခံ ၃၃ ဦးကို လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၈၉၀ ကို လွှတ်ပေးရမည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ