ကန်ပါလာ ဖေဖော်ဝါရီ ၃

 

ယူဂန္ဓာနိုင်ငံတွင် ဆူဒန်အီဘိုလာရောဂါကူးစက်မှုများ တွေ့ရှိခဲ့ရပြီးနောက် ယနေ့တွင် ဆူဒန်အီဘိုလာ ရောဂါကူးစက်သူများအား ခွဲခြားစောင့်ကြည့်ရေးနှင့် ကုသရေးစင်တာတစ်ခုကို ယူဂန္ဓာနိုင်ငံ ကန်ပါလာမြို့ရှိ မူလာဂိုအမျိုးသားဆေးရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဟန်နရီကျိုဗီဗိုဆာက ပြောကြားသည်။

 

၎င်းဆေးရုံရှိ ဆူဒန်အီဘိုလာရောဂါ ခွဲခြားစောင့်ကြည့်ရေးနှင့် ကုသရေးစင်တာတွင် အီဘိုလာရောဂါ ကူးစက်ခံရသူများအား ကျွမ်းကျင်သူ ဆေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့က ကုသမှုများဆောင်ရွက်ပေး နေကြောင်းသိရသည်။ ၎င်းစင်တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ဘဏ်၏ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက်ပေးခြင်းဖြစ်သည်။

 

ယူဂန္ဓာနိုင်ငံ အန်ဗေလီမြို့တွင်လည်း အလားတူစင်တာတစ်ခုကို တည်ဆောက်မည်ဟုသိရသည်။ ယူဂန္ဓာနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အသက် ၃၂ နှစ်အရွယ် သူနာပြုတစ်ဦးတွင် ဆူဒန်အီဘိုလာ ရောဂါကူးစက်ခံရပြီးနောက် နိုင်ငံအတွင်း ကူးစက်ခံရသူ ၄၅ ဦး ထပ်မံ တွေ့ရှိခဲ့သည်။

 

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အဆိုပါရောဂါကူးစက်မှုများတွေ့ရှိရခြင်းအတွက် စိုးရိမ်ပူပန်မှုများ မရှိရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ