နေပြည်တော် ဖေဖော်ဝါရီ 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးမြင့်ဦးနှင့် ဦးသန်းအောင် ကျော် တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ကျင်းပရန်ရှိသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ပေးပို့ထားရှိသော လူဦးရေစာရင်းများ ပိုမိုပြည့်စုံမှန်ကန်အောင် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အတွင်းရေးမှူးများ၊ ဝန်ထမ်းများအား အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များ၊ ဝန်ထမ်းများ၏ အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းထောက်ပံ့ပေးခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)