ဖေဖော်ဝါရီ ၁၀

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းနှင့်မြောက်ပိုင်းတို့၌ သီးခြားဖြစ်စဉ်နှစ်ခုတွင် အစ္စရေးတပ်မတော်သားများ၏ သတ်ဖြတ်ခံရမှုကြောင့် အသက်ကြီးအမျိုးသမီးတစ်ဦးအပါအဝင် ပါလက်စတိုင်း လေးဦးသေဆုံးကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

အဆိုပါသေဆုံးသူပါလက်စတိုင်းနိုင်ငံသားသုံးဦးမှာ ၎င်းတို့၏နေအိမ်များသို့ပြန်လာနေစဉ် ဂါဇာဒေသအရှေ့ပိုင်း ကူဝိတ်လမ်းဆုံအနီးတွင် အစ္စရေးတပ်မတော်သားများ၏သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

သီးခြားဖြစ်စဉ်တစ်ခုတွင် ဂါဇာကမ်းမြောင်ဒေသ ခန်ယွန်နစ်အနီး အယ်လ်ရာရာမြို့အရှေ့ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် အသက်ကြီးအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် သေဆုံးသူ ၄၈၁၈၉ ဦးနှင့် ထိခိုက်ဒဏ်ရာရသူဦးရေ ၁၁၁၆၄၀ အထိရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို