ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

၂။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

၃။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၂ ရက်မှ ၃ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၁ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

 

ညအပူချိန်

၄။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

မြူအခြေအနေ

၅။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၁ ရက်မှ ၂ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။

 

မြစ်ရေအခြေအနေ

၆။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

၇။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

၈။ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၃ လက်မခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ လက်မခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ လက်မခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ လက်မခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ၃ လက်မခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

Crd> မိုး/ဇလ