နေပြည်တော် ၈ မတ်
ပအိုဝ်းအမျိုးသားနေ့ (နေပြည်တော်) ကျင်းပရေးကော်မတီမှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် တပေါင်းလပြည့်နေ့ မတ် ၂၀ ရက်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် ပအိုဝ်း အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် ပအိုဝ်း အမျိုးသားနေ့(အကြို) အခမ်းအနားကို မတ် ၁၃ ရက် ညနေ ၅ နာရီခွဲမှ ည ၁၀ နာရီထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ ပအိုဝ်းတိုင်းရင်းသား လူမျိုးများစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်လိုသော ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ပအိုဝ်း အမျိုးသားနေ့ (နေပြည်တော်) ကျင်းပရေးကော်မတီ အတွင်းရေးမှူး ခွန်မင်းအောင် ဖုန်း- ဝ၉-၇၉၄၅၉၇၃၈၁ နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ခွန်ကျော်လွင်၊ ဖုန်း- ဝ၉၂၅၀၅၃၃၂၆၄ ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
(မောင်တိုင်းရင်းသား)