ဖေဖော်ဝါရီ ၁၃

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်တွင် ယမန်နေ့က ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မီသိန်းဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် တွင်းလုပ်သားသုံးဦးသေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ယနေ့တွင်ပြောကြားသည်။

 

အဆိုပါမတော်တဆမှုသည် ဒါရာအီဆူဖီဘာလာခရိုင်ရှိ ကျောက်မီးသွေးတွင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာမှာပင် တွင်းလုပ်သားသုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ရဲတပ်ဖွဲ့က သေဆုံးသူသုံးဦး၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏မိသားစုဝင်များထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

အလားတူပင် မြောက်ပိုင်းဘာဒတ်ရှန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွှေတွင်းလုပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ခေတ်မီတွင်းတူးစက်ယန္တရားများ လုံလောက်မှုမရှိခြင်းနှင့် ကျွမ်းကျင်မှုမရှိသော တွင်းလုပ်သားများဖြင့် တရားမဝင်တူးဖော်ခြင်းတို့ကြောင့် ဆင်းရဲသားတွင်းလုပ်သားများ၏ အသက်အန္တရာယ်ဆုံးရှုံးမှုကို မကြာခဏဖြစ်ပေါ်စေသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို