နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံဥပဒေရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးအနေဖြင့် လာရောက်သင်တန်းပို့ချပေးနိုင်ရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (LAC) တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများ၊ ဥပဒေဒီပလိုမာသင်တန်းများအတွက် လိုအပ်သောအကူအညီများ ပေးအပ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
