နေပြည်တော် ဖေဖော်ဝါရီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း ဆင်သေနှင့် နန်ဖာကျေးရွာချင်းဆက်မြေသားလမ်း ၄ မိုင် အမာခံလမ်းခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အမာခံလမ်း ဆောင်ရွက်ပြီးစီးပါက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်