နေပြည်တော်   ဖေဖော်ဝါရီ   ၁၄

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်ဇနီး၊ ယခင်ကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း)များဖြစ်ကြသည့် ဒေါက်တာဒေါ်သန်းနွဲ့၊ ဦးယုလွင်အောင်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာပါဝင်ဆင်နွှဲကြသည်။

 

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက ထမနဲပွဲ ပြိုင်ပွဲအား စည်းစည်းလုံးလုံး ကြိုးကြိုးစားစား စည်းကမ်းရှိရှိ ယှဉ်ပြိုင်ကြစေလိုကြောင်းပြောကြားပြီး ကော်မရှင်ရုံးဌာန (၆)ခုမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်း ထားသော ပြိုင်ပွဲဝင် အသင်းများ၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

 

ပြိုင်ပွဲအပြီးတွင် ကော်မရှင်ဥက္ကဋ္ဌသည် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)