နေပြည်တော် ဖေဖော်ဝါရီ ၁၄

 

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဆုများပေးအပ် ချီးမြှင့်သည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူ များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသေးစားစက်မှုလက်မှုလုပ်ငန်း(စားသောက် ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြ ထုတ်ကုန် အထူးဆုရရှိသူ ၁၂ ဦးအားလည်းကောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည် အထူးဆုရရှိသူ ငါးဦးနှင့် အသေးစား(Micro)စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ ငါးဦးတို့အားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အငယ်စား(Small) စီးပွားရေးလုပ်ငန်းများ အထူးဆု ရရှိသူ ငါးဦးနှင့် အလတ်စား (Medium) စီးပွားရေး လုပ်ငန်းများ အထူးဆုရရှိသူ ငါးဦးတို့အားလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဒေသတစ်ခု ထုတ်ကုန် တစ်ခု(OROP)အကောင်းဆုံးဆုရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ ပြိုင်ပွဲဝင်များအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များပေးအပ် ချီးမြှင့်ကြသည်။

 

ဂုဏ်ပြုဆုငွေများပေးအပ်

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးရရှိကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များအား လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အသေးစား စက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ် ကုန်ဆုရရှိသူ လေးဦးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမ အသင်း စွမ်းဆောင်ရည် တတိယဆုရရှိသူများဖြစ်ကြသည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်း ဒေသကြီး “ဝိသာခါ” အမွှေးတိုင်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးလုပ်ငန်းမှ ဒေါ်ဖြူဖြူဥ၊ အငယ်စားထုတ်ကုန် လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး “HMG” မော်တော်ယာဉ်လေစစ်ဘူးလုပ်ငန်းမှ ဦးလှိုင်မိုး၊ အလတ်စားထုတ်ကုန် လုပ်ငန်းတွင် တနင်္သာရီတိုင်းဒေသကြီး “မြန်မာအတ္တလန်တစ်” ကုမ္ပဏီလီမိတက်မှ ဦးစိုးမိုးနိုင်၊ သမဝါယမအသင်း စွမ်းဆောင်ရည်ဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် “သားတင်ဦး” အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တာဝန်ရှိသူတို့အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ပေးအပ်ချီးမြှင့်

ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည် ဒုတိယဆုရရှိကြသူများ ဖြစ်သည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် ဧရာဝတီတိုင်းဒေသကြီး “M-Treasure” ကွမ်းသီးဖက်ထုတ်ကုန် လုပ်ငန်းမှ ဒေါ်မာလာစန်း၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်း ဒေသကြီး “MG Myanmar Gasket” အမျိုးမျိုး ထုတ်ကုန်လုပ်ငန်းမှ ဦးဇင်မျိုးထိုက်၊ အလတ်စား စီးပွားရေးလုပ်ငန်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် “မြန်မာရွှေသစ်သီးဝလံ” ကုမ္ပဏီ လီမိတက်မှ ဒေါ်လဲ့လဲ့ဦးနှင့် ကုန်ထုတ်သမဝါယမ အသင်း စွမ်းဆောင်ရည်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး “သီရိစန္ဒာ” အထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည် ပထမဆုရရှိသူများ ဖြစ်ကြသည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် မန္တလေး တိုင်းဒေသကြီး “Healthy & Happy”စားသောက်ကုန် လုပ်ငန်းမှ ဒေါ်မေနှင်းဝေ၊ အငယ်စားထုတ်ကုန် လုပ်ငန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး “သံစဉ်နေလ” ပျားရည်သန့်စင်စက်ရုံမှ ဦးပြည့်ဖြိုးလှိုင်၊ အလတ်စား ထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “သလ္လာဝတီ” ကုမ္ပဏီလီမိတက်မှ ဦးထူးဝေနှင့် ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစု “အနော်ရထာ” ဆီစက်လုပ်ငန်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆုရရှိကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

 

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ဒေသတစ်ခု၏ လိုအပ်ချက် ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်” ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက် လာစေရန်၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလိုက် ဆောင်ရွက်နေသည့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင် ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များ ကို ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြ ထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 

လက်ခံရရှိ

အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစား အစာရောင်းချသည့် ဆိုင်ခန်းများ၊ Digital Corner နည်းပညာပြခန်း၊ MSME နှင့်ချိတ်ဆက်ထားသည့် ဆက်စပ်လုပ်ငန်းပြခန်း၊ Business Matching Hall တွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွား ရေးသံမှူးများနှင့် ပြည်ပပို့ကုန် ပို့လိုသည့် ပြည်တွင်း လုပ်ငန်းရှင်များ အပြန်အလှန် ဆက်သွယ်နိုင်ရေး ဆောင်ရွက်ပေးထားမှု ဝန်ဆောင်မှုပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအတွက် ကြော်ငြာရိုက်ကူးထုတ်လုပ်ပေးနိုင်မှု သရုပ်ပြခန်း၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပါအဝင်ပြခန်း စုစုပေါင်း ၉၆ ခန်းဖြင့် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစား များအလိုက် ဆုအမျိုးအစား ခုနစ်ဆု၊ ဆုပေါင်း ၆၃ဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Digital Transformation)ကို လက်တွေ့ကျကျဆောင်ရွက် သည့် အနေဖြင့် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေသားဆု စုစုပေါင်း ကျပ်သိန်း ၇၅၀ အား ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ငွေသားဆုများအား ချီးမြှင့်သူက Digital Payment System ဖြင့် ငွေလွှဲပို့ချီးမြှင့်ခြင်းဖြစ်ကာ ဆုချီးမြှင့်ခံရသူ အသီးသီး၏ E-Banking Account မှတစ်ဆင့် ချီးမြှင့်ငွေအသီးသီးကို လက်ခံရရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်