ရန်ကုန် ဖေဖော်ဝါရီ ၁၆

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ‌‌ရန်ကင်းပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက ပညာရေးဒီဂရီကောလိပ် မှ ကျောင်းသားကျောင်းသူများအနေဖြင့် ဆရာဆရာမများ ဖြစ်လာပါက အပြုအမူ၊ အပြောအဆိုနှင့် စည်းကမ်းလိုက်နာမှုတွင် ကျောင်းသားကျောင်းသူများအတွက် စံပြဖြစ်ရန်လိုပါကြောင်း၊ စာသင်ကောင်းသော ဆရာ ဆရာမများဖြစ်ရန် ဘာသာရပ်ပိုင်းဆိုင်ရာတတ်ကျွမ်းမှု လိုအပ်သကဲ့သို့ သင်ပြနည်းများ၊ ပညာရေး စိတ်ပညာ၊ ပညာရေး သဘောတရားများကို နားလည်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ တပည့်ကျောင်းသားကျောင်းသူများကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ရန်ကင်းပညာရေး ဒီဂရီကောလိပ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များကို မြေပြင်ကွင်းဆင်းလေ့လာကာ လိုအပ်သည်များကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိတက္ကသိုလ်များမှ အင်္ဂလိပ်စာ ပါရဂူဘွဲ့ရ ဒုတိယပါ မောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ အင်္ဂလိပ်စာသဒ္ဒါ (Grammar) ကို မီဒီယာများမှ တစ်ဆင့် ထုတ်လွှင့်သင်ကြားနိုင်ရေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်