ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် Grade-1 ကျောင်းသား၊ ကျောင်းသူ ၁၅၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းတွင် အ.ထ.က(၁) ဒဂုံ၏ ဒဂုံသီရိခန်းမ၌ ပြုလုပ်ပြီး ကျောင်းသားကျောင်းသူများကို ထမင်း၊ သီးစုံပဲကုလားဟင်းနှင့် ဖီးကြမ်း ငှက်ပျောသီးတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်