နေပြည်တော် ဖေဖော်ဝါရီ ၁၇
စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ ထီး (၃) လက်ဘုရားကုန်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဦးစီးဌာန၊ စက်မှုလုပ်ငန်း အသီးသီးတို့မှ ဝန်ထမ်းများ၏ စုပေါင်းညီညာစွာဖြင့် ထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး တက်ရောက်လာကြသူများအား ထမနဲများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည်။
မြန်မာ့ရိုးရာထမနဲထိုးပွဲသည် ရိုးရာဓလေ့ကိုထိန်းသိမ်းရန်၊ ဝန်ထမ်းများ၏ စိတ်ပင်ပန်းနွမ်းနယ်နေမှုများကို ဖြေလျော့စေပြီး အားအင်သစ်များရရှိစေရန်၊ လုပ်ငန်းခွင်ပျော်ရွှင်စေရန်၊ လုပ်ငန်းတာဝန်များကို ယခင်ကထက် ပိုမိုစွမ်းဆောင်လာနိုင်စေရန်၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန်နှင့် အချင်းချင်းစည်းလုံး ညီညွတ်ပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြစ်ပေါ် ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
