နေပြည်တော် ဖေဖော်ဝါရီ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernandoနှင့် အဖွဲ့ အား ယနေ့ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့အကြား ပူးပေါင်းဆောင် ရွက်လျက်ရှိ သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးဌာနမှ ဦးစားပေး ဆောင်ရွက်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနှင့်WHO တို့အကြားဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်