ဖေဖော်ဝါရီ ၂၁

နီပေါနိုင်ငံတွင် ဇန်နဝါရီလလယ်ပိုင်းမှ ဖေဖော်ဝါရီလလယ်ပိုင်းအတွင်း အကြိမ်ရေ ရာနှင့်ချီသောမီးလောင်မှုများ ဖြစ်ပွားမှုကြောင့် ၂၂ ဦးသေဆုံးပြီး အခြားထိခိုက်ဒဏ်ရာရသူ ၈၇ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

တစ်လတာကာလအတွင်း မီးလောင်မှုအကြိမ်ရေ ၄၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၂၄၇ ကောင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။ မီးလောင်မှုများဖြစ်ပွားမှုကြောင့် ရူပီး ၁၈၄ ဒသမ ၈၂ သန်း ( အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ သန်း )တန်ဖိုးရှိပစ္စည်းဉစ္စာများ ပျက်စီးဆုံးရှုံးခဲ့သည်။

မီးလောင်မှုအများဆုံးဖြစ်ပွားလေ့ရှိသောဒေသမှာ ကိုရှီပြည်နယ်ဖြစ်ပြီး ၎င်းပြီးလျှင် ဘတ်မာတီပြည်နယ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို