ညောင်ဦး ၉ မတ်      


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာတွင် ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၉ ရက်၊ ယနေ့နံနက် ၉ နာရီက ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ လမ်းညွှန်မှုဖြင့် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစည်သူအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

FA2


ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ကျော်ရှိပြီး လူဦးရေ ၉၀ဝ နီးပါးခန့်ရှိကာ ၎င်းကျေးရွာတွင် အဝီစိစက်ရေတွင်းရှိသော်လည်း ရေချိုမထွက်ဘဲ ရေငန်သာ ထွက်ရှိသည့်အတွက် ဒေသခံပြည်သူများအတွက် သုံးရေအဖြစ်သာ သုံးစွဲခွင့်ရရှိသဖြင့် သောက်ရေအတွက်အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ယနေ့နံနက် ၉ နာရီက စဉ့်ကူနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစည်သူအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် သွားရောက်ပြီး ရေဂါလံ ၄၈၀ဝ အား  စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 


ထို့အပြင် စဉ့်ကူကျေးရွာအုပ်စုအတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့်ကျေးရွာများအား ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး စဉ်ဆက်မပြတ် သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစည်သူအောင်၏ ပြောပြချက်အရ သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)

 

FA