ပွင့်ဖြူ ၉ မတ်       


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များ အားကစားစွမ်းရည်များ တိုးတက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယခုလ ၂ ရက်နေ့ကစတင်ပြီး နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရခိုင်ကျော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရခိုင်ကျော်က ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များအား အားကစားစွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

120.3


ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရခိုင်ကျော်နှင့် ဝန်ထမ်းများအဖွဲ့က နွေရာသီအားကစားသင်တန်း တက်ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များ ဘောလုံးကစားနည်း၊ ပိုက်ကျော် ခြင်းကစားနည်းနှင့် စားပွဲတင်တင်းနစ်ကစားနည်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်းနည်းပြများအား အားကစား နည်းစနစ်များကို သင်ကြားပြသရာတွင် သင်တန်းသားများ နားလည်အောင် စာတွေ့နှင့် လက်တွေ့ စနစ်တကျ သင်ကြား ပြသပေးသွားရန်တို့ကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 


ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ အနေဖြင့် ဘောလုံးကစားနည်း၊ ပိုက်ကျော်ခြင်းကစားနည်းနှင့် စားပွဲတင်တင်းနစ်ကစားနည်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ဘောလုံးကစားနည်းသင်တန်းတွင် သားတန်းသားဦးရေ ၇၀ ဦး၊ ပိုက်ကျော်ခြင်းကစားနည်းသင်တန်းတွင် သင်တန်းသား ဦးရေ ၃၀ ဦး၊ စားပွဲတင်တင်းနစ်ကစားနည်းသင်တန်းတွင် သင်တန်းသားဦးရေ ၁၅ ဦး အသီးသီး တက်ရောက်သင်ကြား လျက်ရှိကြောင်းနှင့် အဆိုပါ သင်တန်းများအား ယခုလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်လင်းအောင်ထံမှ သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)

 

UA1.