နေပြည်တော် ၉ မတ်
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက် ပေါက်များမှ ပြည်ဝင်ဗီဇာ (ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ(လုပ်ငန်း)တို့ဖြင့် ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလအတွင်း ကမ္ဘာလှည့်အနေဖြင့် (၁၀ဝ၁၄၅)ဦး၊ လုပ်ငန်းအနေဖြင့် (၂၃၉၄၉)ဦး ဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
အလားတူ ယခင်နှစ် ဖေဖော်ဝါရီလက ကမ္ဘာလှည့်အနေဖြင့် (၅၇၄၅၀)ဦးနှင့် လုပ်ငန်းအနေဖြင့် (၁၈၅၈၁)ဦး ဝင်ရောက်ခဲ့၍ ယခုနှစ်ဖေဖော်ဝါရီလတွင် ယခင်နှစ် ဖေဖော်ဝါရီလထက် နိုင်ငံခြားသား (၄၈၀၆၃)ဦး ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ကမ္ဘာလှည့်အနေဖြင့် (၄၈၀၄၉၀)ဦးနှင့် လုပ်ငန်းအနေဖြင့် (၂၁၈၇၆၂)ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ကမ္ဘာလှည့်အနေဖြင့် (၅၈၈၃၅၉)ဦးနှင့် လုပ်ငန်းအနေဖြင့် (၂၂၇၀၄၇)ဦး ဝင်ရောက်ခဲ့သည်။ သို့ပါ၍ (၂၀၁၇-၂၀၁၈) ခုနှစ်ထက် (၂၀၁၈-၂၀၁၉)ခုနှစ်တွင် နိုင်ငံခြားသားဝင်ရောက်မှု (၁၁၆၁၅၄)ဦး ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
(မောင်လူမော်)