နေပြည်တော် ၉ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လေဆိပ် Terminal-3 ၊ Centralize ဂိတ်အမှတ်(၃၀)အနီး ခရီးသည် နားနေခုံအောက်၌ ပိုက်ဆံအိတ် (၁)လုံးအား မတ် ၄ ရက် မွန်းလွဲပိုင်းက ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် လေဆိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ US ငွေ (၂၅၀)ဒေါ်လာ၊ EU ငွေ (၆၀)ယူရို၊ မြန်မာငွေကျပ် ၁၇၇၄၀ဝ၊ Business Card ၆ ကတ်တို့အား တွေ့ရှိထိန်းသိမ်းခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ခဲ့ရာ ရွှေမြန်မာလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ မန္တလေးလေဆိပ်သို့ ထွက်ခွာသွားသည့် ခရီးသည် ဂျာမနီနိုင်ငံသား Mr. Hintermaier Johannes (၅၈)နှစ်၏ ပိုက်ဆံအိတ်ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ မတ် ၈ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဂျာမနီနိုင်ငံသား Mr. Hintermaier Johannes မှာ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာ၍ ၎င်း၏ ပိုက်ဆံအိတ်အား ရဲအုပ် ဝင်းထွဋ်အောင်နှင့်အဖွဲ့မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


