ရန်ကုန် ဖေဖော်ဝါရီ  ၂၆  

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၇)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရရှိသည့် သင်တန်းသားအမှတ်-၈၁၊ ဦးလုံးလော၊ ဦးစီးမှူး၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သင်တန်းသူစံပြဆုရရှိသည့် သင်တန်းသူအမှတ်-၄၁၊ ဒေါ်ဇင်မာဝေ၊ ဌာနခွဲစာရေး၊ နိုင်ငံရေးရာ ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၂၈)ဦး၊ သင်တန်းသူ(၆၄)ဦး၊  တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၆  ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်