ဂါဇာ ဖေဖော်ဝါရီ  ၂၇

ဂါဇာအပစ်အခတ်ရပ်စဲရေး   အစိတ်အပိုင်းတစ်ခု နေဖြင့်  ဟားမားစ်တို့သည်   ဓားစာခံလေးဦး၏ ရုပ်အလောင်းကို     အစ္စရေးသို့    လွှဲပြောင်းပေးခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

အဆိုပါရုပ်အလောင်းများကို မည်သူမည်ဝါ၏ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ရန် အစ္စရေး တို့က စစ်ဆေးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက်အစောပိုင်းတွင်   မီဒီယာများက  ဖော်ပြခဲ့သည်။

ဖမ်းဆီးဓားစာခံများ၏    ရုပ်အလောင်းဖြစ်ကြောင်း   အတည်ပြုနိုင်ခဲ့ပါက    ဇန်နဝါရီလတွင် စတင် ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်အရ ဟားမားစ်တို့ သဘောတူခဲ့သည့် အတိုင်း  ဓားစာခံ   ၃၃   ဦးကို  ပြန်လည်လွှတ်ပေးသည့် အစီအစဉ်ပြီးဆုံးခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းတွင် အစ္စရေးတို့လွှတ်ပေးခဲ့သည့် ဒါဇင်နှင့်ချီသည့်  ပါလက်စတိုင်းအကျဉ်းသားများ အနောက်ဘက်ကမ်းသို့ ဘတ်စ်ကားဖြင့်  ရောက်ရှိလာသည်ကို  လူအုပ်ကြီးက   သောင်းသောင်းဖြဖြ ကြိုဆိုနေသည်ကို   ဗီဒီယိုရုပ်သံဖိုင်တွင်  တွေ့မြင်နိုင်မည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးပထမအဆင့်သည့် မတ် ၁ ရက်တွင်  သက်တမ်းကုန်မည်ဖြစ်သည်။ အပစ် အခတ်ရပ်စဲရေးကို    ဆက်လက်ထိန်းသိမ်းရန် မကြာမီ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ဖွယ် ရှိပြီး   အီဂျစ်၊ အမေရိကန်နှင့် တခြားနိုင်ငံများက ကြားဝင်စေ့စပ်ပေးသွားမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး   ဒုတိယအဆင့်တွင် တိုက်ပွဲအပြီးတိုင်အဆုံးသတ်ရေးနှင့် ဂါဇာမှ အစ္စရေး တပ်တွေ အပြည့်အဝ ဆုတ်ခွာရေးတို့ ပါဝင်သည်။                               

အင်န်အိတ်ချ်ကေ