နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင့်လွင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဖလံရုံကျေးရွာတွင် ရောက်ရှိနေသည့် ချင်းပြည်နယ်၊ ကျင်ဒွေးဒေသမှ နေရပ်စွန်ခွာပြည်သူများ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်း၊ ဆိုလာစနစ် တပ်ဆင်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ မကွေးမြို့နယ် ဖလံရုံကျေးရွာရှိ ချင်းပြည်နယ် ကျင်ဒွေးဒေသမှ နေရပ်စွန်ခွာပြည်သူများ သောက်သုံး ရေရရှိရေးအတွက် စက်ရေတွင်းတစ်တွင်းတူးဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ 2.2kW ဆိုလာစနစ်တပ်ဆင်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့အုတ်ရေကန်တစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ် ၁၁ ဒသမ ၁၈ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများမှ ၂၀၂၄ ခုနှစ်  အောက်တိုဘာလ ဒုတိယပတ်ကစတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ နေရပ်စွန့်ခွာ အိမ်ခြေ ၃၁ အိမ်မှ လူဦးရေ ၁၀၄ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာ ရရှိရေး အကျိုးပြုလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)