မတ် ၃
နိုင်ဂျာနိုင်ငံတွင် လွန်ခဲ့သောနှစ်က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူပေါင်း ၄၀၀ နီးပါးသေဆုံးပြီး အခြား ၁ ဒသမ ၅ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း မတ်လ ၁ ရက်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း ရေကြီးမှုများကြောင့် ၃၉၆ ဦး သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး မိုဟာမက်တွမ်ဘာက ပြောကြားသည်။ ၄၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ထောင်စု ၂၀၀၀၀၀ ကျော်၊ ၁၅၂၆၆၅၃ ဦး ရေဘေးသင့်ခဲ့သည်ဟု ၎င်းကဆိုသည်။
သိပ္ပံပညာရှင်များက လူလုပ်ရုပ်ကြွင်းလောင်စာထုတ်လွှတ်မှုကြောင့် ရာသီဥတုပြောင်းလဲမှုသည် ပြင်းထန်သောမိုးခေါင်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကဲ့သို့သော ပြင်းထန်သောရာသီဥတုအခြေအနေ၊ ပြင်းထန်မှုနှင့် ကြာရှည်မှုဖြစ်နိုင်ခြေကို မြင့်မားလာစေသည်ဟု သတိပေးပြောကြားထားသည်။
အာဖရိကဆာဟဲလ်ဒေသတွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုများသည် ခြောက်သွေ့မာကျောသော မြေဆီလွှာတွင် ထပ်မံမိုးရွာသည့်အခါ ရေစုပ်ယူနိုင်မှု အများအပြား ဆုံးရှုံးသွားသောကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို