ရန်ကုန် မတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က ဦးဆောင်၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

 

အဆိုပါ အမျိုးသမီးစွမ်းဆောင်ရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင် (၁၄) ခရိုင်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ အမျိုးသမီးအားကစား ဆပ်ကော်မတီဝင်များ၊ တိုင်းလူမှုဝန်ထမ်းဉီးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အမျိုးသမီးများခေါင်းဆောင်မှု စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲတွင် Women leadership, Negotiation process, Team Building&Team development, Be professional, Emotional management, Business Communication ခေါင်းစဉ်များဖြင့်အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်