ရန်ကုန် မတ် ၃

 

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ သတ္တမအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ) နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ က ဆောင်ရွက်တော်မူသည်။

 

ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာနှင့် ပတ်သက်၍ ဝိနိစ္ဆယရေးရာကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားလှယ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဘဒ္ဒန္တဝိရောစန၊ ရွှေကျင်ဂိုဏ်းကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရ၊ ရခိုင်ပြည်နယ်ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာဝုဓ တို့ကလည်းကောင်း၊ သာသနာရေးရာကဏ္ဍတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မဟာဒွါရဂိုဏ်းကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် သာသနဓဇဓမ္မာစရိယ ဝိနယဓရ ဝိနယဝိဒူ ဘဒ္ဒန္တမေတ္တာနန္ဒ၊ မွန်ပြည်နယ် ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ တို့က လည်းကောင်း၊ ပညာရေးရာကဏ္ဍတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒဝံသ၊ အနောက်ချောင်းဒွါရဂိုဏ်း ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣဒ္ဓိဉာဏာ ဘိဝံသ၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကလျာဏ တို့ကလည်းကောင်း ဆွေးနွေးတော်မူကြပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

 

မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပရာ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များဖြစ်ကြသော အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယတို့က ပြန်လည်ရှင်းလင်းလျှောက်ထားသည်။

 

ထို့နောက် လုပ်ထုံးလုပ်နည်းစသည်များ စိစစ်ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စကို အခမ်းအနားမှူးဆရာတော်က လျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တွဲဖက် အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇ က ပြန်လည်ရှင်းလင်းလျှောက်ထား၍ အတည်ပြုချက်ရယူပြီး ဒုတိယနေ့ အစည်းအဝေးကိုရပ်နားသည်။

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ကွယ်လွန်သူ ဗိုလ်ကြီးတင်ဌေး (ငြိမ်း) အား ရည်စူး၍ ဇနီးဒေါ်တိုးတိုး၊ သား-ဦးကျော်ဖုန်းဝင်း (အကောက်ခွန်မှုး)၊ ဦးမျိုးကျော်ကျော် (သသန) + ဒေါ်အိသူဇာကို (သသန)၊ မြေး-မယွန်းပန်းမြတ်ဟေသီ၊ မောင်ကျော်ဇင်ဟိန်း မိသားစုက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

သတင်းစဉ်