မတ် ၄

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်အတွင်း ခရီးသွားလည်ပတ်သူဦးရေ သန်းတစ်ဝက်ကျော်ရှိလာကြောင်း ဒေသတွင်းမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ခရီးသွား ၄၈၅၁၀၂ ဦး ဝင်ရောက်မှုရှိရာ နိုင်ငံ၏သမိုင်းတွင် ၎င်းလများအတွင်း ခရီးသွားလည်ပတ်မှုအမြင့်ဆုံးစံချိန်တင်ခဲ့သည်ဟု သိရသည်။

မတ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ခရီးသွား ခန့်မှန်းခြေ ၁၈၀၀၀ ပိုမိုများပြားလာရာ ခရီးသွားစုစုပေါင်း ၅၀၀၀၀၀ ‌ ကျော်ရှိလာသည်။

ဗဟိုဘဏ်၏ဖော်ပြချက်အရ  ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀၁ သန်းဝင်ငွေရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို