နေပြည်တော် မတ် ၄ 
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တက္ကသိုလ်စုဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ အင်ဂျင်နီယာဘာသာရပ်အလိုက် ဌာနမှူးများနှင့် တွေ့ဆုံပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာသုတေသနစီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် နည်းပညာအရွေ့နှင့်အတူ အမီလိုက်ပါ ဆောင်ရွက်နိုင်ရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် ဆောင်ရွက်ထားသော နေရောင်ခြည်အလင်းစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်း (Solar Photovoltaic Research Laboratory) ရှိ အဆင့်မြင့်ကိရိယာများတပ်ဆင်ထားရှိမှု၊ ဆိုလာကားပါကင် တည်ဆောက်ပြီးစီးမှု၊ လေးထပ်ခွဲဗိသုကာဌာနဆောင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်