နိုင်ရိုဘီ  မတ်  ၄

အာဖရိကဦးချိုဒေသတွင် ဒုက္ခသည် သို့မဟုတ်       ပြည်တွင်းနေရပ် စွန့်ခွာသူများ   (အိုင်ဒီပီအက်စ်) အဖြစ် နေထိုင်ကြသူပေါင်း ၂၆ ဒသမ ၃ သန်းခန့်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (ယူအင်န်အိတ်ချ်စီ အာရ်)က မတ် ၄ ရက်တွင် အစီရင်ခံဖော်ပြထားသည်။

အစီရင်ခံဖော်ပြချက်အရ ၂၀ ဒသမ ၇ သန်းမှာ ပြည်တွင်းနေရပ် စွန့်ခွာသူများဖြစ်ပြီး ကျန် ၅ ဒသမ ၆ သန်းမှာ ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ နေရပ်စွန့်ခွာ သူများ   မြင့်တက်လာရခြင်းမှာ ဖေဖော်ဝါရီလက ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ (ဒီအာရ်စီ) အရှေ့ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ယူအင်န်အိတ်ချ်စီအာရ် က ပြောသည်။

၂၀၂၅  ခုနှစ်   ဇန်နဝါရီလမှ စတင်ကာ     ဒီအာရ်စီနိုင်ငံမှ လူပေါင်း ၆၅၀၀၀ ခန့်မှာ ဘူရွန်ဒီ နိုင်ငံသို့ ရောက်ရှိလာပြီး ၁၅၉၃၇ ဦးမှာ ယူဂန္ဓာနိုင်ငံသို့ ရောက်ရှိလာကြကြောင်း၊ အီဂျစ်နိုင်ငံက ဆူဒန် နိုင်ငံမှ ဒုက္ခသည် ၁ ဒသမ ၅ သန်းဖြင့် အများဆုံးလက်ခံထားပြီး ယင်းနောက်တွင် တောင်ဆူဒန်နိုင်ငံ က ၁ ဒသမ ၀၅ သန်း၊ ချဒ်နိုင်ငံက  ၇၅၉၀၅၈ ဦးဖြင့် အများဆုံး လက်ခံထားကြကြောင်း သိရသည်။

အာဖရိကဦးချိုဒေသတွင် နေရပ်စွန့်ခွာမှုဖြစ်ပွားရခြင်းများ၏ အဓိကအကြောင်းရင်းများမှာ    ပဋိပက္ခဖြစ်ပွားမှု၊    ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ခြင်းကဲ့သို့သော ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၊ စားရေရိက္ခာမဖူလုံမှုတို့ကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောသည်။                                                                   

ဆင်ဟွာ