နတ်မောက် မတ် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းသားကျောင်းသူလူငယ်များအတွက် အခြေခံပန်းချီ သင်တန်းကို လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် မတ်လ ၅ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ အနုပညာကို စိတ်ပါဝင်စားမှုရှိစေရန်၊ ပန်းချီပညာကို လေ့လာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင်မှု ရှင်သန်တိုးတက်လာစေရန်နှင့် နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ ပန်းချီသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ဘက်စုံသုံးခန်းမတွင် ပန်းချီအနုပညာရှင် ဦးသိန်းနိုင်စိုးမှ ပန်းချီအခြေခံသင်တန်းကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅၅) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ တစ်လကြာသင်ကြားပေးသွားမည်ဖြစ်သည်။
လှဝင်း