နေပြည်တော် မတ် ၅
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၅ ကိုယနေ့နံနက်၉ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၄၉၉ ဦးကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့် ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေရှေ့ရပ်များအား သင်တန်းပေး ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်း {Post Graduate Diploma in law (P.G.D.L)}၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း {Post Graduate Diploma (DL)}၊ Online Law နှင့် နောင်တွင် ရရှိမည့် B.A (Law) ရရှိသူများနှင့် စပ်လျဉ်း၍ နည်းဥပဒေပြင်ဆင်နိုင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးမြေနေရာ ပြောင်းလဲလျှောက်ထားသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရုံးခွဲ(ရန်ကုန်)၏ ဆိုင်းဘုတ်ကိစ္စတို့အပါအဝင် စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
သတင်းစဉ်