နေပြည်တော် မတ် ၅ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လဟယ် - လေရှီး မြို့နယ်ချင်းဆက် မြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် လဟယ်ဘက်ခြမ်း ကျောက်ရောမြေ အမာခံလမ်း ၁၀ မိုင် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါမြို့နယ်ချင်းဆက်လမ်းအား အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၂၂၄၇ အိမ်၊ လူဦးရေ ၁၁၂၄၈ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု‌ရေးကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်