နေပြည်တော် မတ် ၅
ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် သင်တန်း နည်းပြများ၊ သင်တန်းတက်ရောက်မည့် အရာထမ်း၊ အမှုထမ်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ဦးစွာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား သင်တန်းသူ ၁၀၈ ဦး တက်ရောက်ကြပြီး ဝန်ထမ်းများအားလုံး တက်ရောက်သင်ကြားနိုင်စေရေးအတွက် ဥပဒေဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဉီးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဆိုင်ရာ နည်းလမ်းများ ဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေး၊ ကုန်ထုတ်လမ်းများ၊ မွေးမြူရေး အဆောက်အဦများ အစီအစဉ်တကျ ဖော်ဆောင်နိုင်ရေး၊ ဇုန်များအလိုက် ထိုက်သင့်သည့် နှုန်းထားများအတိုင်း မွေးမြူဆောင် ရွက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်မွေးမြူရေးတို့ကို ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးဇုန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်