မတ် ၆

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီလအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ဝင်ငွေရရှိခဲ့ရာ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမတိုင်မီကာလက ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုထက် ပိုမိုများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဌာနက ယနေ့တွင်ပြောကြားသည်။

၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း နိုင်ငံခြားခရီးသွား ၁၁၆၇၉၀၈ ဦး လာရောက်လည်ပတ်မှုရှိသည်ဟု ခရီးသွားအေဂျင်စီက ပြောကြားသည်။

လာရောက်လည်ပတ်သောခရီးသွားများအနက် ခရီးသွား ၂၉၅၆၁၁ ဦးသည် တောင်ကိုရီးယားနိုင်ငံမှ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံခန့် ဝင်ငွေရရှိခဲ့သည်။

၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ခရီးသွားလာရောက်လည်ပတ်မှုအများဆုံး နိုင်ငံဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို