မတ် ၆
တောင်ကိုရီးယားနိုင်ငံတွင် လေတပ်ရှိ တိုက်လေယာဉ်တစ်စင်းပေါ်မှ စစ်ရေးလေ့ကျင့်မှုအတွင်း ပစ်မှတ်ဧရိယာပြင်ပတွင် မတော်တဆဗုံးရှစ်လုံးကြဲချမိမှုဖြစ်ပွားခဲ့ရာ အဆောက်အဦများပျက်စီးပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါမတော်တဆမှုသည် ဆိုးလ်မြို့တော်၏အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာရှိ ပိုချွန်မြို့တွင် ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမတော်တဆမှုကြောင့် ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာဒဏ်ရာရရှိမှုပြင်းထန်သည်ဟု မီးသတ်သမားများကဆိုသည်။
၎င်းတိုက်လေယာဉ်မှာတပ်မတော်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ တောင်ကိုရီးယားတပ်မတော်က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို