ကျိုက်ထို  မတ်  ၇

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျိုက်ပိကျေးရွာ ရွာပတ်လမ်း(အုတ်ဖိုပိုင်း-ခလုတ်ပိုင်း) ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ကာ ဒီဇင်ဘာ ၄ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့‌သည်။

 

အဆိုပါ  ရွာပတ်လမ်းပိုင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၇၁ ဒသမ ၆၆၂ သန်းဖြင့် ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)