ရမည်းသင်း မတ် ၇
ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မတ် ၅ ရက် နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများရှိ အသက် (၂) လမှ (၅၉) လအထိ ကလေးငယ် ၁၈၉၄၄ ဦးကို ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး) များအသုံးပြု၍ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အပိုဆောင်းတိုက်ကျွေးခြင်းဖြင့် ပိုလီယိုကာကွယ်ဆေးလွှမ်းခြုံမှုကို မြှင့်တင်ရန်၊ ကာကွယ်ဆေးလုံးဝမတိုက်ကျွေးရသော သို့မဟုတ် အကြိမ်ပြည့် မတိုက်ကျွေးရသောကလေးများကို ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းဖြင့် ကိုယ်ခံအားကွာဟချက်ကို လျှော့ချရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု ၁၀၀ ရာခိုင်နှုန်းပြည့်ရရှိခြင်းနှင့် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို တားဆီးခြင်းဖြင့် ကလေးများအားလုံးကို ပိုလီယိုရောဂါမှ ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)