ရန်ကုန် မတ် ၆
ဗဟန်းမြို့နယ်၌ အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ် စင်တာခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြည်သူ့ ကျန်း မာရေး ဦးစီးဌာနမှူးက အစား အသောက်နှင့်ရေမှတစ်ဆင့် ကူး စက်တတ်သော ရောဂါများ ကာ ကွယ်တားဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း ၃၂ ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြု ခြင်း ရှိ/ မရှိ၊ အစားအသောက် ပြင်ဆင်ရောင်းချသူများ၏ တစ် ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)