နေပြည်တော်၊ မတ် ၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက် (၅) ရှိ မအီစိန်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၄,၁၀၀ ပြား (တစ်ပြားလျှင် ငွေ ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၂၀ ဒသမ ၅ သိန်း) ကိုလည်းကောင်း၊ အလားတူပူးပေါင်းအဖွဲ့သည် နံနက် ၉ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုံး (ခ) ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာအနီးတွင် သက်နိုင်ဝင်း (ခ) ကိုသက် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၇၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၆၈ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် နံနက် ၅ နာရီတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေရွားအနီး HIGER အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၀ သိန်း) ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်