နေပြည်တော် မတ် ၉

 

၂၀၂၅ ခုနှစ်၊ မတ် ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၂၂) မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၁၀၁) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၆၇) မိုင်ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၁၅ ဒသမ ၃၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆ ဒသမ ၀၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။

Credit> မိုးဇလ