ဆစ်ဒနီ မတ် ၉

 

ဩစတြေးလျနိုင်ငံ ကွင်းစလန်းနှင့် နယူးဆောက် ဝေးလ်ပြည်နယ် (NSW) တို့တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အဲလ်ဖရက်ဒ် တိုတ်ခတ်မှုကြောင့် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်း ထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

 

ဆိုင်ကလုန်း အဲလ်ဖရက်ဒ်သည် မတ် ၈ ရက် ညနေပိုင်းတွင် အရှေ့တောင်ဘက် ကွင်းစလန်း ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကာ မတ် ၉ ရက်တွင် ကုန်းတွင်းပိုင်းသို့ ထပ်မံရွေ့လျား ဝင်ရောက်ခဲ့ပြီးနောက် အားလျော့သွားပြီဖြစ်ကြောင်း ဩစတြေးလျ မိုးလေဝသဌာနက မတ် ၉ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။

 

မိုးလေဝသဗျူရိုက ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်း၊ ကွန်ဒါမိုင်းနှင့် မြစ်ကမ်းနီး တစ်လျှောက် ဒေသများတွင် ဘရီမာမြစ်နှင့် ဝါရဲလ်ချောင်းတစ်လျှောက် နောက်ထပ်အဓိက ရေကြီးမှုသတိပေးချက်နှင့် အချို့နေရာများတွင် လေပြင်းသတိပေးချက်နှင့် ပြင်းထန်သော မိုးကြိုးမုန်တိုင်း သတိပေးချက်တို့ကို ထုတ်ပြန်ခဲ့သည်။

 

နယူးဆောက်ဝေးလ်ပြည်နယ်တွင် အစိုးရကျောင်း ၂၅၄ ကျောင်းကို မတ် ၁၀ ရက်အထိ ပိတ်ထားရန် စီစဉ်ထားသည်။ ကွင်းစလန်းပြည်နယ်တွင်လည်း အစိုးရကျောင်းပေါင်း ၄၂၄ ကျောင်း၊ ပုဂ္ဂလိက ကျောင်း ၁၇၀နှင့် ကက်သလစ်ကျောင်း ၈၉ကျောင်း တို့ကို ပိတ်ထားကြောင်း ကြေညာထားသည်။

 

ထို့အတူ ကွင်းစလန်းပြည်နယ်တွင် အိမ်ခြေ ၂၃၇၀၀၀ နှင့် စီးပွားရေးလုပ်ငန်းများတွင် လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ကာ နယူးဆောက်ဝေးလ် ပြည်နယ်မြောက်ပိုင်းရှိ အိမ်ခြေ ၁၂၅၀၀ သည် မတ် ၉ ရက် မွန်းလွဲပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

 

ဆိုင်ကလုန်းအဲလ်ဖရက်ဒ်ကြောင့် နယူးဆောက် ဝေးလ်ပြည်နယ်မြောက်ပိုင်းတွင် မတ် ၇ ရက်မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ရေထဲမျောပါခဲ့ကြောင်း မတ် ၈ ရက်တွင် သြစတြေးလျကာကွယ်ရေး တပ်ဖွဲ့ပိုင်ယာဉ်နှစ်စီးမတော်တဆဖြစ်ပွားခဲ့ကာ ၁၃ ဦး ဒဏ် ရာရခဲ့သည်။

 

ဆင်ဟွာ