မတ် ၁၀
မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ တောနှင့်လွင်ပြင်မီးလောင်ကျွမ်းမှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ တောနှင့်မြက်ခင်းပြင် ဟက်တာ ၇၁၄၉၅ လောင်ကျွမ်းခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယနေ့တွင် ပြောကြားသည်။
အဆိုပါတောမီးများလောင်ကျွမ်းမှုကို လူပေါင်း ၈၅၀ နှင့် မီးသတ်ယာဉ် ၁၄၉ စီးတို့ပါဝင်ငြှိမ်းသတ်မှုပြုလုပ်ခဲ့ကြသည်ဟု ထိုအေဂျင်စီကဆိုသည်။
သဘာဝမီးများလောင်ကျွမ်းမှုဖြစ်ပွားသည့်အဓိကအကြောင်းရင်းများသည် နိုင်ငံသားများအနေဖြင့်မီးကိုကိုင်တွယ် အသုံးပြုရာတွင် ဂရုစိုက်မှုမရှိခြင်းနှင့် မြက်ခင်းများနှင့်အမှိုက်များကို ရည်ရွယ်ချက်ရှိရှိမီးရှို့ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ပြောကြားချက်အရသိရသည်။
နိုင်ငံ၏နေရာအများစုတွင် ရာသီဉတုခြောက်သွေ့မှုနှင့် လေပြင်းတိုက်မှုအခြေအနေများကြောင့် ၂၀၂၅ ခုနှစ် နွေဦးရာသီတွင် ရုတ်တရက်တောနှင့်လွင်ပြင်မီးလောင်ကျွမ်းမှုများမြင့်မားလာသဖြင့်ဖြစ်နိုင်ချေရှိသောတောမီးများ လောင်ကျွမ်းမှုမှ ကာကွယ်ကြရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို