နေပြည်တော် မတ် ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နန်းယွန်းမြို့နယ်၊ ရောင်ကွန်- ရှိတ်ညို- ကြူယမ်း-ဝပ်ကကျောက်ခေါ်- ဟရှိတ်နုတ်ညိုလမ်း ၄၃ မိုင် ၄ ဖာလုံအနက် ၁၀ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါကျေးရွာချင်းလမ်းအား အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံကျေးရွာပေါင်း  ၁၁ ရွာ ၊   အိမ်ခြေ ၁၂၄၉ အိမ်၊ လူဦးရေ ၁၀၀၉၁ ဦးတို့၏ လမ်းပန်း ဆက်သွယ်ရေး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်