နေပြည်တော် မတ် ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၅ ရက် နံနက် ၈နာရီတွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးတွင် ထွန်းထွန်းဇော်(ခ) ထူးငယ် မောင်းနှင်ပြီး မင်းဆန်းမြင့်ထွန်း(ခ)ကိုမင်း လိုက်ပါလာသည့် NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၉၉ ကီလို(တစ်ကီလိုလျှင် သိန်း၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၉၉၇ ဒသမ ၅ သိန်း) ကိုလည်းကောင်း။

မတ် ၉ ရက် နံနက် ၁၀ နာရီတွင် ကလောမြို့၊ ရပ်ကွက်(၃)၊ ကလော-မြင်းတိုက်သွားကားလမ်းတွင် အောင်ကျော်(ခ)ထွန်းနိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀  (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၅၀) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရဲပြန်ကြား